A

ဆက်သွယ်ရေးလုပ်ငန်းသုံးစွဲသူများ ကာကွယ်ရေးနှင့်တိုင်ကြားရေးလက်ခံဌာန

အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် အမျိုးသားဆက်သွယ်ရေးလုပ်ငန်း ကော်မရှင်ဌာန

တိုင်ကြားနိုင်မှုအခွင့်အရေး


တိုင်ကြားနိုင်မှုအခွင့်အရေး
`၀န်ဆောင်မှုပေးစွမ်းသူထံသို့ တိုက်ရိုက်တိုင်ကြားခြင်း´ အခြေအနေ
          ၁. ၀န်ဆောင်မှုပေးစွမ်းသူထံသို့ သုံးစွဲသူမှပျက်စီးဆုံးရှုံးမှုအတွက် တိုင်ကြားရာတွင် ၀န်ဆောင်မှု ပေးစွမ်းသူသည် တိုင်ကြားစာလက်ခံရရှိကြောင်း နှင့် တိုင်ကြားသူကို ၇ ရက်အတွင်းအကြောင်းကြားရမည်။
          ၂. တိုင်ကြားစာသည် အကျိုးအကြောင်းမရှိဟု ၀န်ဆောင်မှုပေးစွမ်းသူမှ စစ်ဆေးတွေ့ရှိသောအခါ တိုင်ကြားသူကို ၁၄ ရက်အတွင်း အကြောင်းကြားပြီး တိုင်ကြားခြင်းကိုလက်မခံသည့်အကြောင်းရင်းကိုပါ ဖော်ပြရမည်။ ပြီးနောက် ကောစောထောချော တွင်တိုင်ကြားနိုင်သော အခွင့်အရေး နှင့် ဆက်သွယ်စုံစမ်းနိုင်သော ဌာနနှင့်ဖုန်းနံပါတ်များကို ထင်ရှားစွာဖော်ပြရမည်။
          ၃. တိုင်ကြားသူမှ တိုင်ကြားခြင်းသည် အကျိုးအကြောင်းရှိသည်ဟုထင်မြင်ပါက ကောစောထောချောသို့ စီစစ်ရန် တိုင်ကြားနိုင်ပြီး လောထော မှသုံးသပ်ပေးပြီး တိုင်ကြားသူနှင့်ဝန်ဆောင်မှုပေးသူကို ၁၄ ရက်အတွင်း ပြန်အကြောင်းကြားမည်။ အကျိုးအကြောင်းရှိသည်ဟု စီစစ်တွေ့ရှိပါက ဖြေရှင်းရန်အတွက် ၀န်ဆောင်မှုပေးသူကို အကြောင်းကြားမည်။
          ၄. ၀န်ဆောင်မှုပေးသူသည် တိုင်ကြားခြင်းကို ရက် ၃၀ အတွင်း ဖြေရှင်းရမည်။ အကြောင်းပြချက်ရှိ၍ မဖြေရှင်းနိုင်ပါက ပြီးဆုံးမည့်ခန့်မှန်းချေအချိန်ကို သတ်မှတ်ပြီး ၁၀ ရက်အတွင်း အပြီးစီစဉ်ရမည်။
          ၅. တိုင်ကြားသူနှင့်ဝန်ဆောင်မှုပေးသူအကြား ညှိနှိုင်းမှုသည် ဖြေရှင်း၍မရခြင်း တစ်ပိုင်းတစ်စ(သို့)အားလုံး ရှိပါက ၀န်ဆောင်မှုပေးသူမှ လောထော သို့ ညှိနှိုင်းခြင်းပြီးဆုံးသည့်နေ့မှစ၍ ၃ ရက်အတွင်း ညှိနှိုင်းဆွေးနွေးခြင်း အချက်အလက်များအားလုံးကို ပေးပို့ပြီး ကောစောထောချော မှဆက်လက်ဖြေရှင်းနိုင်ရန်ဖြစ်သည်။
 
`တိုင်ကြားရေးနှင့်ရုပ်မြင်သံကြားသုံးစွဲသူစောင့်ရှောက်ရေးဌာန (လောထော) ကောစောထောချော ဌာနသို့ တိုင်းကြားခြင်း´ အခြေအနေ
          ၁. ပျက်စီးဆုံးရှုံးသူမှ လောထောသို့ တိုင်ကြားလာပါက လောထောမှတိုင်ကြားခြင်းကို လက်ခံပြီး တိုင်ကြားသူထံသို့ တိုင်ကြားခြင်းလက်ခံရရှိကြောင်းစာ ၇ ရက်အတွင်း အကြောင်းကြားရမည်။
          ၂. လောထောမှ ၀န်ဆောင်မှုပေးသူနှင့်တိုင်ကြားသူအကြား ဖြေရှင်းချက်များကို ရက် ၃၀ အတွင်း ပြီးဆုံးအောင် ဆောင်ရွက်ရမည်။
          ၃. ဖြေရှင်းချက်ရရှိပြီးသောအခါ လောထောမှ နှစ်ဖက်စလုံးအား အပြန်အလှန်အလျော့ပေးစေရန်အတွက် ပြုလုပ်ရာတွင် ကူညီပေးရမည်။
          ၄. ဖြေရှင်းချက်မရရှိသောအခါတွင် လောထောသည် အကြောင်းမှန်၊ သက်သေ နှင့် သုံးသပ်ချက်များကို ကောစောထောချော မှ ဆက်လက်စီစစ်ပေးနိုင်ရန်အတွက် ပို့ပေးရမည်။
          ၅. လောထောမှ အောက်ပါကိစ္စကြောင့် တိုင်ကြားခြင်းကို စီရင်မပေးဘဲ တိုင်ကြားသူကို ပြန်အကြောင်းကြားပေးမည်။
          - ၀န်ဆောင်မှုပေးသူ၏ ဆောင်ရွက်နေစဲတွင်ရှိသော ကိစ္စ
          - ၀န်ဆောင်မှုပေးသူမှ တိုင်ကြားသူသဘောတူညီမှု ရရှိပြီးသော ဖြေရှင်းပြီးကိစ္စ
          - ကောစောထောချော မှ သုံးသပ်ပြီးသော (သို့) ရပ်တန့်ပြီးသော (သို့) အယူခံဝင်နေသော ကိစ္စ
          - တရားရုံးအတွင်း စီစစ်နေသော ကိစ္စ

တိုင်ကြားနိုင်မှုအခွင့်အရေး